About

ဒီဆိုဒ်လေး ဖြစ်လာပုံ နဲ့ ကျွန်တော် အကြောင်းလေးကို ဒီနေရာလေးမှာ နဲနဲလောက် မိတ်ဆက်ပါရစေ …

  • အေးအေးလေးနဲ့  ခံစားလို့ ကောင်းတဲ့  သီချင်းလေးတွေကို နားထောင်ပါတယ်။ဆောင်ဦးလှိုင်၊ ကိုဝင်းဦး ၊ ကိုစိုင်းထီးစိုင်နဲ့ တိုင်းရင်းသားသီချင်းလေးတွေကို တော်တော်များများ နားထောင်ဖြစ်ပါတယ်။
  • ကိုရီးယား အချစ်ဇာတ်လမ်းတွေ၊ တရုတ်သိုင်းကား၊နည်းပညာ ဆန်းသစ်သော ဇာတ်ကားတွေကို နှစ်သက်ပါတယ်။ မြန်မာဇာတ်ကားကိုတော့  ဟာသကားများကို ကြိုက်နှစ်သက်တယ်။ ဘ၀မှာ အနှစ်သက်ဆုံး ဆိုရင်တော့  TITANIC လို့ ပြောရမှာပါ။
  • မြ၀တီမှ ထုတ်လွှင့် သော ဇာတ်လမ်းကောင်းများကို အားပေးပါတယ်။ MRTV-5 ကိုလဲ အားပေးဖြစ်ပါတယ်။ ငယ်စဉ်ကြည်ရှုခဲ့ ရတဲ့ အတွဲလိုက်ဇာတ်ကားထဲက အကြိုက်ဆုံးကိုပြောပါဆိုရင် ၀ူခုန်းကို အရမ်းကြိုက်နှစ်သက်ပါတယ်။
  • ကျောင်းစာမှလွဲပြီး ကျန်သောစာအုပ်များကို အကုန်လေ့လာပါတယ်။ အခုလောလောဆယ်တော့  Photo Shop ဆိုင်ရာ စာအုပ်များကို လေ့လာဖြစ်ပါတယ်။ ဘ၀မှာ အကြိုက်ဆုံး စာအုပ်ကတော့  လေရူးတသုန်သုန် ပါ။(စာရေးဆရာကတော့  မြသန်းတင့် ပါ။)
  • အားကစားဆိုတဲ့ အတိုင်း အားရင်တော့  ကစားဖြစ်ပါတယ်။ ကြိုက်နှစ်သက်ဆုံး အားကစားကတော့  Computer Games တွေပါ။ ကိုယ်ကာယကြံခိုင်မှုအပိုင်း အနေနဲ့  ရေကူးခြင်း၊ အပြေးလေ့ကျင့် ခြင်းတွေ လုပ်ပါတယ်။အကြိုက်ဆုံး အားကစား၊ စိတ်ဝင်အစားဆုံး အားကစားကို ပြောပြပါဆိုရင်တော့  အားမကုန်တဲ့  နည်းကို အနှစ်သက်ဆုံးပါ။ ဟိ … ဟိ
  • စိတ်အ၀င်စားဆုံးကတော့  Hacking ပိုင်းအကိုအထူး စိတ်ဝင်စားပါတယ်။( စိတ်ဝင်စားတာဘဲ ပြောတာပါ။ အရမ်းပျင်းလို့ ဘယ်တော့မှ ဖြစ်လာမှာလဲ မဟုတ်ပါဘူး😀 ) အခုလောလောဆယ် စိတ်ဝင်စားမှု အပိုင်းကတော့  တကိုယ်ရေ တစ်ကာယ သမားဖြစ်တဲ့ အတွက် ချက်ပြုတ်ရေးပိုင်းကို အထူးစိတ်ဝင်စားနေရပါတယ်။ (စိတ်မ၀င်စားရင် ဟင်းတူးတာလေးတွေ စားရတတ်လို့ ပါ။) နောက်တစ်ခု စိတ်ဝင်စားမှုအနေနဲ့  ၂၄ နှစ်အရွယ် လူငယ်ကောင်လေးအဖြစ်အနေနဲ့  ……။ တစ်ခြားမဟုတ်ပါဘူးခင်ဗျာ ။ လူပျိုဆိုတော့  သန့် ရှင်းမှုကို စိတ်ဝင်စားတာပါ။ ရင်ခုန်သွားတယ် … ဟုတ်။ 🙂
  • အိပ်ပျော်နေချိန်မှာ ဘာအိမ်မက်မှ မမက်တာ အကြိုက်ဆုံးပါ။(ဘယ်လို အိမ်မက်မျိုးမဆို အိပ်ရေးမ၀တတ်လို့ ပါ။)မျှော်လင့် ခြင်းဆိုရင်တော့  သာယာတဲ့  လူနေမှုဘ၀တစ်ခုကို ညာဘက်လက်နဲ့  ချစ်သူကိုဆုပ်ကိုင်ထားပြီး (လက်ကိုပြောတာနော်။) ၊ ဘယ်ဘက်လက်နဲ့ အလှူဒါနများကို မျှဝေနိုင်သော ဘ၀မျိုးကို ပိုင်ဆိုင်ချင်ပါတယ်။
  • တိုတောင်းလှတဲ့ လူဘ၀လေးမှာ ချစ်သူခင်သူများစွာနဲ့  တည်ရှိနေပါစေလို့  ဆုတောင်းနေပါတယ်။
  • နာမည်ကတော့  ထက်မြတ်သူ ပါ( ပိန်းလွန်းလို့ ပေးထားတဲ့ အမည်လေ )။ အလုပ်အကိုင်ကတော့ ကျောင်းသား၊၀န်ထမ်း တစ်ဦးပါ။ Msc တက်နေပါတယ်။ပြီးပြည့် စုံသော ဘ၀တစ်ခုကို တည်ဆောက်နေပါတယ်။  ကွန်ပြူတာ အကြောင်းနှင့် ပက်သက်လာလျှင် ဘာမှကို မသိသော လူတစ်ယောက် ဖြစ်ပါတယ်။အခုအချိန်ရတုံးလေးမှာ web visiter & reader လုပ်ပါတယ်။ ကျွန်တော် သိတာလေးကို ပြန်မမေ့အောင် ဒီဆိုဒ်လေးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မူရင်းဝက်ဆိုဒ်ကို ဖော်မပြနိုင်ခဲ့ပါလျှင် နားလည်ပေးကျရန် မေတ္တာ ရပ်ခံအပ်ပါသည်။တကယ်လို့ တစ်ခုခုတောင်းဆိုချင်တယ်၊ အကူအညီလိုတယ်ဆိုရင် xpanchitthux@gmail.com ကိုအပ်ပြီး ခင်မင်စွာ ပြောဆိုနိုင်ပါတယ်။ အရာခပ်သိမ်း အဆင်ပြေကျပါစေ …

ခင်မင်စွာဖြင့် ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: