Flash To All Window Install

စာချစ်သူ အားလုံးမင်္ဂလာပါနေ့လေး ပိုင်ဆိုင်ပါစေနော် … အခုကျွန်တော် စာဖတ်သူပရိတ်သတ်တွေအတွက် သိထားသင့်ပြီး အကျိုးရှိမယ်လို့   မျော်လင့်ရတဲ့ ဆော့ဝဲလ်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အယ်ဆော့ဝဲလ် နာမည်လေးက  Win2Flash ပါ။ … အခု လူတွေ၇ဲ့  ပါစပ်ဖျားလေးတွေကနေ IT ခေတ် IT နဲ့ ပြောလာကျတာနဲ့ အညီ ခေတ်ကြီးကလဲ အ၇မ်းကို တိုးတတ်နေတယ်ဗျာ ။အ၇င်ကဆို၇င် ကျွှန်တော်တို့  PC  တွေမှာ  flopy drive  တွေနဲ့  အသုံးပြုကျတယ်။ တဖြေးဖြေးနဲ  CD၊DVD  တွေသုံးလာကျတယ်.။အခုထိလည် သုံးနေဆဲပေါ့ဗျာ။ဒါပေမယ့် IT ခေတ်လို့  ကြွေးကြော်လာသိနဲ့ အမျှ CD၊DVD drive တွေအပြင် USB  Flash  ကိုသုံးပြီး window တင်တာတွေ ဖြစ်လာနေဖြစ်ပါတယ်။ နောက်ဆို ကွန်ပျူတာတွေမှာတောင် CD၊DVD  drive  တွေရဲ့ အရေးပါမှုဟာ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာ တွေးမတတ်အောင်ပါဘဲ။ အဲဒါကြောင့်  စာဖတ်သူပရိတ်သတ်တွေလည်  USB  flash  ကို အသုံးပြုပြီး ဘယ်လို window တွေကိုဘဲဖြစ်ဖြစ် တင်တတ်စေရန် ၇ည်၇ွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ကဲနိဒါန်းပျိုတာလဲ ရှည်နေပြီဗျာ …   အောက်မှာ  လေ့လာကျရအောင် …

အခုချိန်ထိ usb bootable ဖြစ်ဖို့အတွက် အတော်များများ အဆင်မပြေသေးတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပဲ တော်တော်လွယ်နေပြီးသား software ကို ပေတွေရှည်ပြီး ရှင်းပြပါ့မယ်။ Windows XP, Vista, 7 အားလုံးအတွက် အဆင်ပြေပါတယ်။ ဘာမှ လုပ်ပေးစရာမလိုအောင်ကို လွယ်တာပါ။ ကြည့်ကြည့်ရအောင် …

Download Novicorp WinToFlash 0.6.0005

( or )

http://www.mediafire.com/?238t9vbbsw9omnq


portable ဖြစ်လို့ ဒေါင်းလုပ်ချပြီး ဇစ်ဖြည်လိုက်တာနဲ့ WinToFlash.exe တွေ့ရမှာပါ။ သူ့ကို Double-Click နှိပ်လိုက်တာနဲ့ အောက်ကမြင်ကွင်းအတိုင်း မြင်ရမှာပါ။ နှိပ်စရာလည်း တစ်ခုပဲရှိပါတယ်။ process စဖို့အတွက် အဲဒီ အမှန်ခြစ်လေးကို နှိပ်ပါတယ်။

wizard mode နဲ့ Advanced mode ရွေးခိုင်းတာ ဖြစ်ပါတယ်။ (Advanced mode နဲ့ အလုပ်လုပ်ချင်ရင် အပေါ်အဆင့်မှာထဲက wizard အမှန်ခြစ်ကိုမနှိပ်ပဲ အခြား tab ဖြစ်တဲ့ Advanced ကိုနှိပ်ပြီး၊ ဒီ software ရဲ့ အခြားသော features များကို အသုံးပြုနိုင်ပါတယ်)

ဘာမှ မရွေးပဲ Next ပဲ ဆက်ပေးသွားပါ။ ကျနော်တို့က ပုံမှန်အတိုင်း Windows bootable USB လိုချင်လို့ လုပ်နေတာ ဖြစ်ပါတယ်။

ရှင်းရှင်းလေးပဲ ပေါ်လာပါတယ်။ ရွေးပေးရမှာ နှစ်ခု … အပေါ်က windows CD/DVD ထည့်ထားတဲ့ နေရာ၊ အောက်က အသုံးပြုမယ့် flash drive ပေါ့။ CD ခွေကို မိမိ drive မှာ ထည့် ပြီးရင် အပေါ်အကွက်ရဲ့ Browse ကိုနှိပ်ပြီး အဲဒီ drive ကိုရွေးပေးရုံပဲ။ အဲ … netbook တွေကျတော့ drive မပါဘူး။ နောက်ပြီး ကျနော်ဆို iso ဖိုင်တွေပဲ သိမ်းထားတယ် ခွေရိုက်ရင် ပျောက်ကုန်လို့။ အခုလည်း flash drive ကိုသုံးပြီး ၀င်းဒိုးတင်ချင်တာ DVD ထပ်မ burn ချင်တော့ဘူးလေ။ အဲဒါမျိုးတွေအတွက် vitural drive ကို အသုံးပြုနိုင်ပါတယ်။ Demon tool (သို့) Magic Disc တို့ဟာ နာမည်ကြီး Vitural Drive freeware တွေ ဖြစ်ပါတယ်။ (Demon tool က normal mode နဲ့ free သုံးလို့ရပါတယ်။ upgrade လုပ်မှ ပိုက်ဆံပေးရတာပါ။ ကျနော်တို့လုပ်မယ့် ကိစ္စလောက်နဲ့တော့ free ရပါတယ်။ Magic Disc ကတော့ free) ဒါလည်း ဘာမှ မခက်ဘူး။ (vitural drive မသုံးဘူးသေးသူတွေအတွက်ပါ) magic disc ဆိုကြပါစို့ Install လုပ်ပြီးရင် taskbar မှာ သူ့ icon ပေါ်ပါပြီ။ click နှိပ်ပြီး Mount ကို နှိပ်ပါ။ (vitural drive software တွေက ခွေထည့်တာကို mount လို့ခေါ်ပါတယ်) mount ရဲ့ ဘေးမှာ drive အတုရဲ့ နံပါတ် နဲ့ no media ဆိုပြီး ပေါ်လာလိမ့်မယ်။ (ဥပမာ – F:\ no media) အဲဒါကိုနှိပ်ပြီး မိမိရဲ့ iso ဖိုင်ရှိတဲ့ နေရာရွေးပေးလိုက်။ ခွေထည့်လိုက်တာနဲ့ တူတူပဲ ဖြစ်သွားပါပြီ။ WinToFlash ရဲ့ အပေါ်ကွက် browse ကိုနှိပ်ပြီး အခု ခွေထည့်ထားတဲ့ drive ကိုရွေးပေးပါ။

ဒုတိယ အကွက်ဖြစ်တဲ့ မိမိအသုံးပြုမယ့် flash drive ကို ရွေးပေးပြီးတဲ့အခါ Next ကိုနှိပ်ပြီး စနိုင်ပါပြီ။ % တွေ ပြပြီး သူ့ဘာသာ ဆက်လုပ်သွားပါလိမ့်မယ်။ (နည်းနည်းလေး ကြာတာတစ်ခုပဲ အားနည်းချက်ရှိတယ်) တော်တော်ကောင်းပါတယ်။

100% complete ဖြစ်သွားရင် ခွေထုတ်၊ flash drive ဖြုတ်ပြီးရင် မိမိဝင်းဒိုးတင်ချင်တဲ့ စက်မှာ တပ်ပြီး restart ချ၊ boot ယူလိုက်ရုံပဲ ဖြစ်ပါတယ်။ ၀င်းဒိုးတင်တဲ့ အဆင့်တွေကတော့ ဒီခေတ်မှာ ပြောစရာ မလိုလောက်တော့ဘူးထင်ပါတယ်။

စာဖတ်သူ ပရိတ်သတ်တွေ အသုံးပြုတာ အဆင်ပြေမယ်လို့  မျော်လင့်ပါတယ်ဗျာ။

Ps … http://thanlonnge.net/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: